ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E.Mr.Nicholas Coppel အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E.Mr.Nicholas Coppel အား ယနေ့ မွန်းလွဲ ၁ နာရီတွင် လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-5)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  သြစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး၊ သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံအတွက် ပညာရေးကဏ္ဍတွင် အကူအညီ ပေးနေမှုများ၊ သြစတြေးလျ၏ နိုင်ငံခြားရေး ပေါ်လစီအကြောင်းနှင့် နှစ်နိုင်ငံလွှတ်တော်များ အချင်းချင်းဆက်ဆံရေး အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် ဦးဖြိုးဇေယျာသော် နှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်

Standard (Image)