ပြည်သူ့လွှတ်တော်၊လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း (MOGSS) မှ ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးကြည်မိုးနိုင်သည် မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း (MOGSS) မှ ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင် နှင့်အဖွဲ့အား ယနေ့ နေ့လယ် ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာဆောင် အမှတ် (I-8) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး၊  အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်ရေးနှင့် အဆိုပါဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ   ၁   ရက်

Standard (Image)