ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန် ကချင်အမျိုးသား ကွန်ကရက်ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်သည် ကချင် အမျိုးသားကွန်ကရက်ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင် အမှတ် (I-2) ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ကချင်ရိုးရာစာပေ၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ ၂၀၁၇ ခုနှစ်၊ တောရိုင်း တိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း၊ ကော်မတီအဖွဲ့ဝင် ဦးဇော်ဝင်းတို့ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်

Standard (Image)