ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် The World Bank Group မှ Director Mr. Ranjit J. Lamech ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေ၊ အခက်အခဲများ၊ အခွင့်အရေးများနှင့် မဟာဓါတ်အားလိုင်းပြင်ပ ဝေးလံခေါင်သီ သောဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံး Solar System အကောင်အထည်ဖော် ဆောင်ရွက်နေမှု များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်နှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်
