ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် FIC Business & Financial Centers မှ E. Bing Aidoo နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် FIC ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုသည့် အစီအစဉ်များအား ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်နှင့်အတူ အတွင်းရေးမှူး ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်
Standard (Image)
