ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် FIC Business & Financial Centers မှ E. Bing Aidoo နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် FIC Business & Financial Centers မှ E. Bing Aidoo နှင့်အဖွဲ့အား ယနေ့ ညနေ ၃ နာရီ အချိန်တွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်

Standard (Image)