ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းသည် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mr. Pier Giorgio Aliberti အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-3) ရှိ ကော်မတီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်နေမှု အလားအလာများ နှင့် ဘတ်ဂျက် ခွဲဝေသုံးစွဲနေမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းနှင့်အတူ အတွင်းရေးမှူး ဦးခင်မောင်သန်းတို့ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်၊ နိုဝင်ဘာလ ၁၀ ရက်
Standard (Image)
