ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် Hanns Seidel Foundation ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း (Hanns Seidel Foundation) ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီဖက်ဒရယ်စနစ် နှင့်ပတ်သက်သည့် အတွေ့အကြုံများ၊ လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ လွှတ်တော်နှင့် Hanns Seidel Foundation တို့အကြား ကူညီပံ့ပိုးဆောင်ရွက်မည့်အစီအစဉ်များနှင်‌့ ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော်၊ နိုဝင်ဘာလ  ၁၀  ရက်

Standard (Image)