ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Zeya & Associates Co.,Ltd အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Zeya & Associates Co.,Ltd မှ မြန်မာနိုင်ငံတွင် LNG ဓာတ်ငွေ့ရည်အသုံးပြု၍ ရေပေါ်နှင့်မြေပေါ် ဓာတ်အားပေးစက်ရုံတည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးမည့် စီမံကိန်းအစီအစဉ်များ၊ သဘာဝဓာတ်ငွေ့သိုလှောင် ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၃၀ ရက်
Standard (Image)
