ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် Yangon Technical & Trading Co.,Ltd (ရန်ကုန် နည်းပညာနှင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်) မှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် Yangon Technical & Trading Co.,Ltd (ရန်ကုန် နည်းပညာနှင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်)မှ တာဝန်ရှိပုဂ္ဂိုလ်များ အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  ဂျပန်-မြန်မာ ဖက်စပ်ပူးတွဲ၍ တပ်မတော်စစ်သမိုင်းပြတိုက် (ဟောင်း) မြေနေရာတွင် အကောင်အထည် ဖော်တည်ဆောက်မည့် အဆင့်မြင့်အဆောက်အဦ စီမံကိန်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးသက်လွင် (ခ) ဦးပေါခင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၃၀ ရက်

Standard (Image)