ပြည်သူ့လွှတ်တော်၊ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း ဒိန်းမတ်နိုင်ငံနှင့် ဆွီဒင် နိုင်ငံ ပါလီမန်အမတ်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် ဒိန်းမတ်နိုင်ငံနှင့်ဆွီဒင်နိုင်ငံ ပါလီမန်အမတ်များအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ အပါအဝင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံလွှတ်တော်များ၊ ဝန်ကြီးဌာနများ၏ ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းနှင့်အတူ ကော်မတီအတွင်းရေးမှူး ဒေါက်တာသန်းဝင်း တို့တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်

Standard (Image)