ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

ဂျပန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Tadamori Oshima ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဦးဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက် ည ၁၀ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ပို့ဆောင်နှုတ်ဆက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံမှူးကြီး Mr. Ichiro MARUYAMA နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

တာဝန်ရှိသူများ လိုက်ပါ

အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်၊ တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးထွန်းထွန်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးသက်ဆွေနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြ သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်

Standard (Image)