ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Yangon Technical & Trading Co.,Ltd မှ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Yangon Technical & Trading Co.,Ltd မှ ဂျပန်မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အဆင့်မြင့် အဆောက်အဦဆောက်လုပ်မည့် စီမံကိန်းဆိုင်ရာအချက်အလက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်
Standard (Image)
