ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Tadamori Oshima ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့် ခေါင်းဆောင်သော ပြည်သူ့လွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Narita အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြသည်။
လေဆိပ်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်နှင့် မြန်မာသံရုံး တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနေ့ နေ့လယ် ၁၁ နာရီခွဲတွင် ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Ichiro AISAWA က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား Hotel New Otani ၊ ပင်မဆောင်၊ ထမင်းစားခန်းထပ်၊ Edo Room ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
