ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် UNESCO အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် UNESCO အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ ရပ်ရွာအခြေပြု မီဒီယာလမ်းညွှန်စာအုပ်တွင်ပါရှိသည့် အကြံပြုချက်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

အဆိုပါဆွေနွေးပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့်အတူ ကော်မတီအဖွဲ့ဝင် ဦးဇော်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ၂၇ ရက်

Standard (Image)