ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း Uber ကုမ္ပဏီမှကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Uber ကုမ္ပဏီမှ မူဝါဒရေးရာနှင့် စည်းမျဉ်းဥပဒေဆိုင်ရာ ဦးဆောင်အရာရှိဖြစ်သူ Mr Ben Brooks ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ်(I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Mr Ben Brooks က Uber ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် RideShare စနစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး E-government ဆိုင်ရာကိစ္စရပ်များ၊ အင်တာနက် အခြေပြု မြို့တွင်းပြေးအငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ နည်းဥပဒေကိစ္စရပ်များ နှင့် Uber ၏ နည်းပညာဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစံရွှေအောင်၊ ဦးခင်မောင်ဦးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်

Standard (Image)