ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ Kamakura ဗုဒ္ဓမြတ်စွာဘုရားသို့ သွားရောက်ဖူးမြော်ခြင်း

ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr.Tadamori Oshima ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲချိန်တွင် Kamakura ဗုဒ္ဓမြတ်စွာဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညိုသည်။

ယင်းနောက် နေ့လယ် ၁၂ နာရီချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Kamakura မြို့တော်ဝန် Mr. Matsuo Takashi နှင့် တွေ့ဆုံနှုတ်ဆက်ပြီး Kamakura မြို့တော်ဝန်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၅း၂၉ နာရီချိန်တွင် Kamakura မြို့မှ ထွက်ခွာလာရာ ကျိုတိုမြို့သို့ ၁ရး၂၇ နာရီချိန် ရောက်ရှိခဲ့သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ  ၂၉   ရက်

Standard (Image)