ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ကျိုတိုမြို့နှင့် ဟီရိုရှီးမားမြို့များတွင် ကြည့်ရှုလေ့လာ

ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr.Tadamori OSHIMA ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကျိုတိုမြို့မှ ထွက်ခွာလာရာ ဟီရိုရှီးမားမြို့သို့ ယနေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ရောက်ရှိသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မွန်းလွဲ ၂ နာရီအချိန်တွင် နျူကလီးယားဗုံးဒဏ်ကြောင့် သေဆုံးခဲ့သူများအား ရည်စူး၍ လွမ်းသူ့ပန်းခွေချခဲ့သည်။

၎င်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Hiroshima Peace Memorial Park သို့ရောက်ရှိ၍ Peace Memorial Museum အတွင်း လှည့်လည်ကြည့်ရှုလေ့လာကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းနောက် Atomic Bomb Dome သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

ယနေ့ နံနက် ၉ နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ကျိုတိုမြို့ရှိ Kinkaku-ji Temple သို့ ရောက်ရှိလေ့လာခဲ့သည်။

နေ့လည် ၁၂ နာရီခွဲအချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဟီရိုရှီးမားမြို့တော်ဝန် Mr. Kazumi Matsui က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်


 

Standard (Image)