ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ကာတာသံအမတ်ကြီး H.E Mr Hassan bin Mohamed Rafei Al Emadi အား ယနေ့နေ့လယ် ၁ နာရီ ၄၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် အထူးကော်မရှင် ဥက္ကဋ္ဌမှ ရခိုင်ဒေသ အခြေအနေများအား အမှန်အတိုင်း သိမြင်နိုင်ရန် လိုအပ်ပါကြောင်း၊ ကာတာနိုင်ငံရှိ မီဒီယာများအနေဖြင့်လည်း ရခိုင်ဖြစ်စဉ်အပေါ် ဘက်မျှသည့် သတင်းများ ထုတ်လွှင့်ပေးခြင်းဖြင့် ကမ္ဘာမှအခြေအနေမှန်များ သိရှိနိုင်စေရေးအတွက် ကူညီဆောင်ရွက် ပေးစေလိုပါကြောင်းနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကိုလည်း သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း ကူညီပေးစေလိုပါကြောင်း ဆွေးနွေးသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်
