ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဂျပန်-မြန်မာ ပါလီမန် ချစ်ကြည်ရေးအသင်း အထွေထွေ အတွင်းရေးမှူးနှင့် ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ် Mr. Kozo YAMAMOTO ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ

       ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်-မြန်မာ ပါလီမန် ချစ်ကြည်ရေးအသင်း အထွေထွေ အတွင်းရေးမှူးနှင့် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Mr. Kozo YAMAMOTO ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

      ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင်‌့တင်ရေးနှင်‌့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ နှင်‌့ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

       တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်

Standard (Image)