လွှတ်တော်ဝန်ထမ်းများအတွက် အကြီးတန်းနှင့် အလယ်အလတ်အဆင့် အရာရှိများ စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၊ Padauk (Yadanar Banquet Hall) ၌ ကျင်းပသည့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) နှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်သည့် လွှတ်တော် ဝန်ထမ်းများအတွက် အကြီးတန်းနှင့် အလယ်အလတ်အဆင့် အရာရှိများ စီမံခန့်ခွဲမှု သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း၊ UNDP မှ Country Director, Mr. Peter Bachelor ၊ လီကွမ်ယု သင်တန်း ကျောင်းမှ Dr. Ora Orn Poocharoen ၊ House of Representatives of the parliament of Australia မှ Mr. Peter Banson နှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်


 

Standard (Image)