ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး H.E Mr Wouter Jurgens အား ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်မည့် အခြေအနေများ၊ နည်းပညာအသုံးပြုကာ ဒီမိုကရေစီ ပိုမိုဖြစ်ထွန်းရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နယ်သာလန်နိုင်ငံမှ ပေးအပ်နိုင်မည့် နည်းပညာအကူအညီများ၊ ဥပဒေပြုလုပ်ငန်းများတွင် ပြည်သူများ ပိုမိုပါဝင်လာနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်
