ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E.Mr. Hong Liang အား ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင် နှင့် ဦးစံရွှေအောင်တို့ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်
