ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းသည် ကချင်နိုင်ငံရေး ပါတီများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီမှ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ် မြန်မာ့ကျောက် မျက်ရတနာ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် သုံးသပ် အကြံပြုချက်များကို ရှင်းလင်းတင်ပြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း နှင့်အတူ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါက်တာ ဦးဝေဖြိုးအောင်၊ ဦးဇော်ဝင်း၊ ဗိုလ်မှူးချုပ် မောင်မောင်နှင့် ဦးနေမျိုးထွန်းတို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်
Standard (Image)
