ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်သည် Land Core Group (LCG) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် အကြံပြု သုံးသပ်ချက်များကို ရှင်းလင်းတင်ပြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး တို့နှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်
Standard (Image)
