ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr.Roland Kobia အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ဥရောပသမဂ္ဂ သံအမတ်ကြီး  H.E.Mr.Roland Kobia အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ပိုမိုရင်းနှီးလာသော ဆက်ဆံရေး၊ ဥရောပပါလီမန်နှင့် ပြည်ထောင်စုလွှတ်တော်တို့ ပိုမိုခိုင်မာသောမိတ်ဖတ်ဆက်ဆံရေးရရှိရန်၊ နှစ်ဖက်လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန်လည်ပတ်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သတ်၍ ဥရောပသမဂ္ဂ၏ကူညီမှုများ၊ မကြာမီ ပြန်လည်ထွက်ခွာတော့မည့် သံအမတ်ကြီး၏ အတွေ့အကြုံနှင့် မြန်မာပြည်အပေါ် အတွေးအမြင်များ၊ လာမည့်နှစ်များတွင် ဥရောပသမဂ္ဂအနေနှင့် မြန်မာနိုင်ငံ  စီးပွားရေးပိုမိုကောင်းမွန်ရန် လုပ်ဆောင်မည့် ရည်မှန်းချက်များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့  နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်၊ ဦးမျိုးဇော်အောင်၊ ဗိုလ်မှူးချုပ် ဝင်းကိုကို နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်

Standard (Image)