ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် နှင့် ESCAP အမှုဆောင် အတွင်းရေးမှူး Ms. Shamshad Akhtar အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ် ESCAP နှင့် မြန်မာနိုင်ငံလွှတ်တော်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကုလသမဂ္ဂ၏ “၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (2030 SDGs)” အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် နည်းပညာနှင့် အကူအညီများ ပေးအပ်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်
