ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် တို့သည် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး (FSWG) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်းသည့် အကြံပြုချက်များ၊ လယ်ယာမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံလယ်သမားများအား နည်းပညာပံ့ပိုး ကူညီပေးနိုင်ရေးနှင့် လယ်ယာသားငါးကဏ္ဍ စီးပွားရေးဖွံ့ဖြိုးမှု စံနှုန်းများကို ဆွေးနွေးတင်ပြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်
