ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဦးမျိုးအောင်ထွေး ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်တို့သည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဦးမျိုးအောင်ထွေး ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လယ်ယာမြေဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အကြံပြုချက်များနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေနွေးပွဲသို့ ကော်မတီအတွင်းရေးမှူးများနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၁၆ ရက်

Standard (Image)