ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်တို့သည် စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားများ သမဂ္ဂအဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ တောင်သူလယ်သမား တွေ့ဆုံပွဲမှ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီး၏ အကြံပြု သုံးသပ်ချက်များကို ရှင်းလင်းတင်ပြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်
