ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးနေဖူးဗဆွေတို့သည် The World Bank မှ တာဝန်ရှိသူများအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Digital Government, Digital Economy စနစ် အကောင်ထည် ဖော်နိုင်ရေးအတွက် လွှတ်တော်မှ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရေး (Collaboration) တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်
Standard (Image)
