ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ Ms. Heike Alefsen အား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ Ms. Heike Alefsen အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 တွေ့ဆုံစဉ် နိုင်ငံသားအခွင့်အရေးနှင့် သက်ဆိုင်သည့် တရားစီရင်မှုကိစ္စရပ်များ၊ လူ့အခွင့် အရေးနှင့် ပက်သက်သည့် ကိစ္စရပ်များအား နိုင်ငံတကာတွင် ဖြေရှင်းဆောင်ရွက်နေမှုများနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောနှင့် အတူ ကော်မတီအဖွဲ့ဝင်နှစ်ဦး တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈  ရက်

 

Standard (Image)