ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr Vikram Misri အား ယနေ့ နေ့လယ် ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်‌းနှီးပွင်‌့လင်‌းစွာ အမြင်ချင်းဖလှယ် ‌ဆွေး‌နွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၁၄ ရက်

Standard (Image)