ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်သော ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E.Mr. Chung Sye-kyun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ UB122 လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။
အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်
Standard (Image)
