ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိသျှကုန်သည်ကြီးများအသင်း(မြန်မာနိုင်ငံ) (British Chamber of Commerce Myanmar)၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Ms Chloe Taylor အား ယနေ့ နေ့လယ် ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ဗြိတိသျှစီးပွားရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဗြိတိသျှကုန်သည်ကြီးများအသင်း(မြန်မာနိုင်ငံ) (British Chamber of Commerce Myanmar)မှ ဆောင်ရွက်နေသည့်လုပ်ငန်းများ စသည်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးဇော်မြင့်ဖေ၊ ဦးမောင်တိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်
