ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် တွေ့ဆုံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သံရုံး၌ မြန်မာသံရုံးမိသားစုများနှင့် တွေ့ဆုံသည်။

ယင်းနေ့ နံနက် ၉ နာရီချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် Ba Da Ling မဟာတံတိုင်းသို့ သွားရောက် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်ပါရှင်းလင်းပြသခဲ့သည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

Standard (Image)