တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ H.E. Mr. Zhang Dejiang ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် လွှတ်တော်ရေးရာကော်မတီ အဖွဲ့ဝင်များ လိုက်ပါလျက် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ခန်းမဆောင်ကြီး၊ အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသားကော်မတီ ဥက္ကဋ္ဌ H.E. Mr. Yu Zheng Sheng နှင့် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမှတဆင့် နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ရေးရာကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော မန်းညွန့်သိန်း၊ ဦးသန်းညွန့်၊ ဦးခွန်သန်းထူး၊ ဒေါ်ဝင့်ဝါထွန်း၊ ဦးတင်နု(ခ)ဦးတင်နုအောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်
