ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ စွယ်တော်မြတ်စေတီတော်သို့ သွားရောက်ဖူးမြော်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ လင်ကွန်းဘုရားကျောင်း၌ ကိန်းဝပ် စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓစွယ်တော်မြတ်အား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဆရာတော် Shin Chan Zang အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် ရှေးဟောင်းနန်းတော်သို့လည်းကောင်း၊ ညနေ ၄ နာရီခွဲတွင်  ပြည်သူ့ခန်းမဆောင်ကြီးသို့လည်းကောင်း ရောက်ရှိလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၇ ရက်

Standard (Image)