ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao နှင့် တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စက်တင်ဘာလ ၇ ရက်နေ့ ၁၀ နာရီခွဲတွင် တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီရုံး၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao နှင့် တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသမိုင်းကြောင်းအရ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ရေးရာကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော မန်းညွန့်သိန်း၊ ဦးသန်းညွန့်၊ ဦးခွန်သန်းထူး၊ ဒေါ်ဝင့်ဝါထွန်း၊ ဦးတင်နု (ခ)ဦးတင်နုအောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ   ၇   ရက်

 

 

Standard (Image)