ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ဂျပန်နိုင်ငံ အခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Akio Kawakami နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ (၁၄း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် အစိုးရသစ်လက်ထက်တွင် ပိုမိုအားကောင်း လာသော ဂျပန်-မြန်မာ ဆက်ဆံရေး၊ ဂျပန်-မြန်မာလွှတ်တော်နှစ် ရပ်ပူးပေါင်းလျက် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြု ရေးအလတ်စားနှင့် အသေးစားချေးငွေကိစ္စရပ်များ၊ ဂျပန်-မြန်မာသက်မွေးပညာ သင်တန်းကျောင်း အောင်ဆန်းစီမံ ကိန်း အလျင်အမြန်ဖွင့်လှစ်နိုင်ရေး၊နှစ်နိုင်ငံပြည်သူများ ပူးပေါင်း ဆောင်ရွက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် အေးချမ်းသာ ယာရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေး မှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်ခင်နှင်းသစ်၊ ဦးမျိုးဇော်အောင်၊ ဦးနိုင်ထူးအောင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊စက်တင်ဘာလ ၉ ရက်
