ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးခင်အေးသည် ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်း ကျင်ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Akio Kawakami နှင့်အဖွဲ့အား ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင် အမှတ် (I-7) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ သက်မွေးမှုပညာသင်တန်းကျောင်း (အောင် ဆန်း) စီမံကိန်းအား အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရေးဆောင်ရွက် မှုများ၊ စီမံကိန်းနှင့်စပ်လျဉ်းပြီး လက်ရှိဆောင်ရွက် နေမှု အခြေ အနေများနှင့် ဆက်လက်လုပ်ဆောင်ရမည့် စီမံကိန်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့်အတူ ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်
