ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်အောင်သည် ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်း မွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Akio Kawakami နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ရေးနှင့် နည်းပညာရှင်များ ပိုမိုမွေးထုတ် ပေးနိုင်မည့် အောင်ဆန်းကျောင်းစီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးခမ်ခန့်ထန် နှင့်အတူ ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်
Standard (Image)
