ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Akio Kawakami နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အောင်ဆန်းကျောင်းစီမံကိန်းအတွက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆောင်ရွက်နေသော နှစ်စဉ်မော်တော်ယာဉ် စစ်ဆေးရေးအလုပ်ရုံများ (Motor Vehicle Inspection Center) ပုဂ္ဂလိကမှ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးနေဖူးဗဆွေ နှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်
