ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် အီတလီအထက်လွှတ်တော်၊ နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အီတလီ အထက် လွှတ်တော်၊ နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌ H.E. Mr. Pier Ferdinando Casini အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးဇော်သိန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးစိုင်းသန့်ဇင်၊ ဦးခွန်အောင်ကျော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည် တော်အဖွ့ဲနှင့်အတူ ပြည်ထောင်စုသမ္မ တမြန်မာနိုင်ငံတော်ဆိုင်ရာ အီတလီသံအမတ်ကြီး H.E.Mr. Pier Giorgio Aliberti လည်း တက်ရောက်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၂ ရက်

Standard (Image)