ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ၊် သြဂုတ်လ ၂၄ ရက် နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ပျက်စီးခဲ့သော ရှေးဟောင်း အမွေအနှစ် ဘုရားစေတီပုထိုးများ ပြန် လည်ပြုပြင်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ပျက်စီးခဲ့သော ရှေးဟောင်းအမွေအနှစ် ဘုရားစတီပုထိုးများ ပြန်လည်ပြုပြင်ရန် အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လက်ဆောင် ပေးခြင်းနှင့် အလှူဒါနခေါင်းစဉ်မှ လှူဒါန်းငွေ ၆,၄၈၀,၀၀၀ိ/- နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၂၆ ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ စုပေါင်း လှူဒါန်းငွေ ၈,၅၂၀,၀၀၀ိ/- စုစုပေါင်းကျပ်သိန်း ၁၅၀ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံသို့ အလှူငွေ များ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လက်ခံရယူ သည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
