ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံမှ ဥပဒေပြုရေးဆိုင်ရာ ဝန်ကြီး H.E. Jeong-boo JE အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံမှ ဥပဒေပြုရေးဆိုင်ရာဝန်ကြီး H.E. Jeong-boo JE အား ယနေ့ မွန်းလွဲ (၁) နာရီတွင် လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-2) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၌ ဆောင်ရွက်လျက်ရှိသော ဥပဒေရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် ရုပ်သိမ်းခြင်းဆိုင်ရာများ၊ ပြည်သူများသိရှိလိုသည့် သက်ဆိုင်ရာ ဥပဒေများကို Internet မှ လွယ်ကူစွာ ကြည့်ရှုနိုင်ရေး၊ ခေတ်နှင့်လျော်ညီသော ဥပဒေများကို အတည်ပြုရေးဆွဲနိုင်ရန် ကြိုးပမ်းနေမှုများ၊ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတွင် ဆောင်ရွက် လျက်ရှိသည့် ဥပဒေပြုရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အတွင်းရေးမှူး ဦးစတီဖန် နှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်

Standard (Image)