တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းမြို့တွင်း လှည့်လည်ကြည့်ရှု လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၆ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲချိန်တွင် ရှန်ဟိုင်းမြို့၊ Long Yang Lu ဘူတာရုံရှိ (Shanghai Maglev Demonstration) သို့ ရောက်ရှိလေ့လာသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် အဖွဲ့အား တာဝန်ရှိသူများက Shanghai Maglev ရထားစနစ် နှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသသည်။ ယင်းနောက် Maglev ရထားအား စီးနင်း လေ့လာခဲ့ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ၁၀၃၀ နာရီချိန်တွင် ရှန်ဟိုင်းမြို့ရှိ တရုတ်ကွန်မြူနစ်ပါတီ ပထမအကြိမ်မြောက် ညီလာခံကျင်းပသည့်နေရာသို့ ရောက်ရှိလေ့လာရာ ညီလာခံကျင်းပရာနေရာ အဆောက်အဦအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် မွန်းလွဲ ၂ နာရီချိန်တွင် ရှန်ဟိုင်းမြို့၊ Shanghai Hong Qiao ဘူတာရုံမှ ရထားဖြင့် ဆက်လက်ထွက်ခွာလာရာ ပေကျင်းမြို့သို့ ည ၆ နာရီ ၅၀ မိနစ်ချိန်တွင် ရောက်ရှိခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ  ၆  ရက်

 

 

Standard (Image)