ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိခြင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ H.E. Mr. Zhang Dejiang ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သေ­­­ာ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာလ  ၄  ရက်နေ့  ဒေသစံတော်ချိန် ၁၅း၄၅ နာရီချိန်တွင် ရောက်ရှိသည်။

လေဆိပ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ လယ်ယာ စိုက်ပျိုးရေးနှင်‌့ ကျေးလက်တောရွာကော်မတီ ဒုတိယဝန်ကြီး Mr. Long Zhuangwei နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး(ကူမင်း) ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင် နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ  ၄  ရက်


 

Standard (Image)