ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်သောကိုရီးယားသမ္မတနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Chung Sye-kyunဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ၁၀-၈-၂၀၁၇ ရက်နေ့ ၁၂ နာရီ ၂၀ မိနစ်တွင် နေပြည်တော်သို့ UB111 ဖြင့် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ချစ်ကြည်ရေးခရီးလာရောက်ကြသည့် ကိုရီးယားသမ္မတနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Chung Sye-kyunဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားနေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ က ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်
Standard (Image)
