ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနှင့် တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Hao နှင့် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲတွင် Haigeng Garden Hotel ၌ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင်‌့ စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးသည်။ ၎င်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် အဖွဲ့အား ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးက Haigeng Garden Hotel ၌ ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ၂၀း၂၅ နာရီချိန်တွင် ကူမင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ရှန်ဟိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ  ၄  ရက်


 

Standard (Image)